My Blog

Tuesday, September 11, 2007

ရန်ကုန်မှာ အခုရက်ပိုင်း မိုးအတော်ရွာနေတယ်…။မိုးရွာတော့ ဘာဖြစ်လဲဆိုတော့… ရေကြီးတာပေါ့။ သွားရလာရ ခက်တာပေါ့။ မိုးရွာပြီဆိုရင် ဘယ်မှမသွားချင်တော့ဘူး။ ဘယ်သွားချင်မလဲ။ ရေစိုတာကိုး။ ထီးပါလည်း ရေစိုတာပဲ။ မြို့လည်ခေါင် သာ ဆိုး သေး တယ်။ ရေတက်လို့။ မိုးနည်းနည်းရွာတာနဲ့ မြောင်းတွေက ရေလျှံလာပြီ။ ကားမှတ်တိုင်ရှေ့ ရေအိုင်နေရင်တော့ သတိသာထားပေတော့။

အမောင်းကြမ်းတဲ့ ကားသမားနဲ့တွေ့လို့ကတော့ မိုးရေချိုးပြီးသား ဖြစ်သွားမယ်မှတ်။ အိမ်ကထွက်လာတာတော့ စမိုး အပြည့်နဲ့။ မိုးရေချိုးပြီးရင်တော့ မဖြစ်တော့ဘူး။ ဒေါသကလည်း အတော်ထွက်နေပြီ။ ကားအမောင်းကြမ်းတဲ့ ဒရိုင်ဘာကိုပဲ ဒေါသထွက်ရမလား။ ရေနားရပ်နေတဲ့ ကိုယ့်ကိုကိုယ်ပဲ ဒေါသထွက်ရမလား။ ဘာကိုဒေါသထွက်ရမှန်းကို မသိတော့ဘူး။ ဒီလိုနဲ့ တစ်နေ့လုံး ဒေါသတွေနဲ့ နပန်းလုံးရတော့တာပဲ... ။